ရန်ကုန် ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက အစေ့ချကိရိယာ (Seeder)ဖြင့် နွေစပါးလက်တွေ့ စိုက်ပျိုးပြသပေးခြင်းကို နန္တိကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ကွင်းအမှတ် (၉၅၉-ခ)၊ ဦးပိုင်(၉/င) တောင်သူ ဦးသန့်ဇင်လင်း၏ နွေစပါးစိုက်ဧကတွင် ကျင်းပ ပြုလုပ်သည်။
အစေ့ချကိရိယာ (Seeder)ဖြင့် နွေစပါး လက်တွေ့စိုက်ပျိုးပြသပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က အစေ့ချ ကိရိယာအသုံးပြု စိုက်ပျိုးနိုင်ရေးနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းအောင်က အစေ့ချကိရိယာ (Seeder)နှင့်ပန်းတိုင် အထွက်ရရှိအောင် စိုက်ပျိုးမည့် နည်းစနစ်များကို ရှင်းလင်းဆွေးခြင်းနှင့် တက်ရောက်လာကြသည့် ဌာနများမှ တာဝန်ရှိသူများကလည်း ဌာနအလိုက်လုပ်ငန်းများကို တောင်သူများအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများအား အစေ့ချ ကိရိယာ (Seeder)ဖြင့် နွေစပါးကို လက်တွေ့စိုက်ပျိုးပြသပေးခဲ့ကြသည်။ လှည်းကူးမြို့နယ် အတွင်း နွေစပါးလျာထားစိုက်ဧက (၃၅၁၇၀)ရှိပြီး အစေ့ချကိရိယာ(Seeder)စနစ်ဖြင့် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)