ရွှေဘို ဒီဇင်ဘာ ၃၀
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မြင်းချင်၊ ညောင်ကိုင်းနှင့် ပလိုင်းကျေးရွာ၊ ခရိုင်မီးသတ်ရုံးတို့တွင် အကြမ်းဖက် အဖွဲ့အစည်းများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒဏ်ရာရ ပြည်သူများအား၊ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချောစုက ထောက်ပံ့ပေးအပ်ရသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားကာ၊ တက်ရောက်လာသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/သားများ၊ ထိခိုက်ဒဏ်ရာရရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင်၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒဏ်ရာရ ပြည်သူ (၂၈)ဦး၊ သေဆုံး (၃)ဦးတို့အတွက် စုစုပေါင်းတန်ဖိုးငွေ (၁၇သိန်း)ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်