ကန်ကြီးထောင့် ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲအား ယနေ့နံနက် (၉)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စတင်ကျင်းပပြုလုပ်လျက်ရှိသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အုပ်စု(က)အနေဖြင့် ရပ်ကွက်(၂)၊ ရွေး၊ ဒါးက(က)နှင့် ဘဲဂရက်တို့မှလည်း ကောင်း၊ အုပ်စု(ခ) အနေဖြင့် ဒါးက(ခ)၊ ရွေးကုန်းနှင့် မြင်းကဆိပ်တို့မှ လည်းကောင်း၊ အုပ်စု(ဂ)အနေဖြင့် ပညာရေး၊ ထွေ/အုပ်နှင့် ရှမ်းရွာတို့မှ လည်းကောင်း၊ အုပ်စု(ဃ)အနေဖြင့် စီမံကိန်း၊ ရပ်ကွက်(၃)နှင့် ရဲတပ်ဖွဲ့တို့မှ လည်းကောင်း စုစုပေါင်းအသင်း(၁၃)သင်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲအား ယနေ့ နံနက်က အုပ်စု(က)ရှိ ရပ်ကွက်(၂)အသင်းနှင့် ဒါးက(က)အသင်းတို့၏ ယှဉ်ပြိုင်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများး၊ ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲအား ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့မှ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)