ပင်းတယမြို့နယ်၌ မြို့နယ်အဆင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်

ပင်းတယ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့်လွတ်လပ်ရေး၏အဓိပ္ပာယ်ကို သိရှိနားလည်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲကိုများကို ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့ပါဝင်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၆)ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများကိုအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ဒေသပြန်/ဆက်)