စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဒီဇင်ဘာအားကစားလပဉ္စမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားတက်ရောက်

မုံရွာ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒီဇင်ဘာအားကစားလပဉ္စမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအရှေ့ဘက်ရှိ ဗိုလ်ချုပ်လမ်းပေါ်တွင်ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူအင်အား ၄၀၀၀ ကျော်မှ စုရပ်နေရာဖြစ်သည့် မုံရွာမြို့၊ ပြည့်သူ့အားကစာကွင်းမှစတင်ကာ ဗိုလ်ချုပ်လမ်းတစ်လျှောက်ကန်သာယာ မြို့ရာပြည့်ကပ်ကျော်စေတီတော်မုဒ်ဦးအထိ ၄င်းမှအနောက်ဘက်ကန်သာယာ အရှေ့ဘက်ကန်ဘောင်တစ်လျှောက်မှ ဗိုလ်ချုပ်လမ်းအတိုင်း ပြည်သူ့အားကစားကွင်းအထိ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ယင်းနောက် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြကာ အဆိုပါအားကစားကွင်းအတွင်းရှိ မြတ်ခင်းပြင်၌ ၆ ပေခြား စနစ်တကျနေရာယူကြပြီး တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်မောင်မယ်များ၏ ကိုယ်ကာယလေ့ကျင့်ခန်း အမှတ်စဉ်(၁) အမှတ်စဉ်(၂)သရုပ်ပြသမှုနှင့် Physical Fitness Dance တေးသီချင်းများဖြင့် သွေးပူလေ့ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျွေးမွေးဧည့်ခံသည့် နံနက်စာများအား တပျော်တပါး စားသောက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကံစမ်းမဲများဖွင့်ဖောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုမဲပေါက်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုမဲပေါက်သူများထံ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စည်ပင်သာယာရေးအသင်းနှင့် လူမှုရေးရာ-၂ အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် လမ်းပန်းဆက်သွယ်ရေးအသင်းတို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြသည်။  

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးမှ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော စည်ပင်သာယာရေးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးတရားသူကြီးချုပ်ဦးဇော်ထူးက အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော လမ်းပန်းဆက်သွယ်ရေးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော လူမှုရေးရာ-၂ အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသော စည်ပင်သာယာရေးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသော လူမှုရေးရာ-၁ အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး ဆုရအားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီး၊ ပြန်/ဆက်