မြန်အောင် ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သံဃာ့နာယက၊ ဝိနည်းဓိုရ်ဆင့်ပွား သင်တန်းကို ယနေ့နံနက်က မြန်အောင်မြို့ မုံရွာပရိယတ္တိစာသင်တိုက် သာသနာ့ဗိမာန်ဓမ္မာရုံတွင် ကျင်းပသည်။
အခမ်းအနားကို နမောတဿ(သုံးကြိမ်) ရွတ်ဆိုပူဇော်ဘုရားကန်တော့ ဖွင့်လှစ်၍ နိုငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝရဥာဏ ကြံခင်းမြို့ ကွေ့မတောင်ပုံကျောင်း ဆရာတော် အရှင်သူမြတ်နှင့် ဧရာဝတီတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိဇယ ပုသိမ်မြို့ ရွှေမစိုးရိမ်ကျောင်းတိုက်ဆရာတော်အရှင်သူမြတ်တို့က သြဝါဒကထာ မိန့်ကြားကြပြီး မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က သာသနာရေး ဆိုင်ရာများ လျှောက်ထားခဲ့သည်။
မြန်အောင်မြို့နယ် သံဃနာယက၊ ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ နိုငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝရဥာဏ၊ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိဇယနှင့် မြန်အောင်မြို့ ကြာနီကန် ကျောင်းတိုက် ဆရာတော်နှင့် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၊ မြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော် ဆရာတော် အရှင်သူမြတ်အပါး (၁၅၀)ကျော်နှင့် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အလှူရှင်များ တက်ရောက်ကြပြီး အခမ်အနားပို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)