မုဒုံ ဒီဇင်ဘာ ၃၀
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံ တောင်သူများ စိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ဧက ၇၅၀၀၀ ကျော်ကို ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများက ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေများကို အသုံးပြုကာ မြို့နယ်တွင် မိုးစပါးသီးနှံ ၇၅၁၉၆ ဧကကို စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထား ဧကထက် ၃၆၂ ဧကကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။ မုဒုံမြို့နယ်တွင် အဓိကအားဖြင့် စိုက်ပျိုးခဲ့သည့် သီးနှံများမှာ ပေါ်ဆန်းရင်၊ ဆင်းသုခ၊ မနောသုခ စသည့် စပါးမျိုးများကို စီးပွားဖြစ်စိုက်ပျိုးခဲ့ကြသည်။
ယခုအခါ ဒေသခံတောင်သူများက ဆောင်းသီးနှံအချိန်မီစိုက်ပျိုးနိုင်ရန် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ပြီး မိုးစပါးများကို ရိတ်သိမ်းလျက်ရှိရာ ဒီဇင်ဘာလကုန်အထိ
မိုးစပါးစိုက်ဧကများ အားလုံးကို ရိတ်သိမ်းခြေလှေ့ပြီးစီးနေပြီးဖြစ်ကြောင်း၊ စပါးအထွက်နှုန်း ကောင်းမွန်စေရေးနှင့် စပါးရိတ်သိမ်းခြွေလှေ့ရာတွင် လေလွင့်မှုမရှိစေရန် ရိတ်သိမ်းချိန်လွန် နည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သားငယ် (ပြန်/ဆက်)