သတင်းများ

ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပွဲ‌တော် စည်ကား သိုက်မြိုက်စွာကျင်းပမည်
Jan 10,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကစိုကျေးရွာ၌ (၂၅)ကြိမ် မြောက် ငွေရတုကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်နှင့် ကရင်ရိုးရာ ကောက်သစ်စားပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်‌ကြောင်း သိရသည်။
ခရိုင်ဝန်ထမ်းပေါင်းစုံ(GEC) သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်
Jan 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ခရိုင်ဝန်ထမ်းပေါင်းစုံ (GEC)သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)၊ အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ပူးပေါင်း၍ စာရေးဆရာနတ်သျှင်(ရွှေဂူ) ရေးသားသည့် "လူငယ်များ၏ရွှေရောင်မနက်ဖြန်" စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဟုမ္မလင်းမြို့နယ်မှ ဂုဏ်ထူးဆောင်ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနှင့် စိုက်ပျိုး နည်းပညာပေးသင်တန်းဖွင့်လှစ်
Jan 10,2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဟုမ္မလင်းမြို့နယ်မှ ဂုဏ်ထူးဆောင်ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ ဂုဏ်ပြုဆုငွေပေးအပ်ခြင်းနှင့် စိုက်ပျိုးနည်းပညာ ပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့၌ Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ
Jan 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်သင်တန်းကျောင်းများ၌ သက်သာသော‌နှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချ
Jan 10,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သင်တန်းကျောင်းအသီးသီးမှ ဆရာ၊ ဆရာများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်သာသော‌နှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယမန်နေ့က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူထုတ်လုပ်ရောင်းချသူများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းနားနှင့် အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် အထိမ်းအမှတ် အားကစား ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jan 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲကို ယနေ့နံနက် (၈)နာရီက အဆိုပါကျောင်းခန်းမတွင်ပြုလုပ်ရာ လွိုင်လင်တပ်နယ်မှူး တက်ရောက်၍ ဆုများချီးမြှင့် ပေးအပ်ခဲ့သည်။