သတင်းများ

ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး အသိပညာ‌ဟောပြောပွဲပြုလုပ်
Jun 21,2023
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၌ ကျောင်းသား ကျောင်းသူများ ခြင်မှတဆင့်သွေးလွန်တုပ် ကွေးရောဂါမဖြစ်ပွားစေရန် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မန့်ဟီးရိုးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ ပြသ ဆောင်ရွက်
Jun 21,2023
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန် အပြင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိကာရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ယမန်နေ့ နံနက်(၉း၃၀)အချိန်က ပြသဆောင်ရွက်ထားလျက် ရှိပါသည်။
ပျဉ်းမနားမြို့နယ်၌ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Jun 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်အဖြစ် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။
ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေး
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မြန်မာ့စီးပွာရေးဘဏ်၌ ယနေ့နံနက်ပိုင်းကနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jun 21,2023
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မူလတန်းအဆင့် ဆေးရောင်းခြယ်ပြိုင်ပွဲအား လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မှန်တန်းရပ်ကွက်၊ မှန်တန်းအခြေခံပညာ အလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများ လာမည့်ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ  မူယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်ပြီး ယနေ့ နံနက် ၁၀နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) က ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jun 21,2023
အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအား အနုပညာကို စိတ်ပါဝင်စားမှုရှိလာစေရန်၊ တီထွင်ဆန်းသစ်သည့် အတွေးအခေါ်များရင့်သန် လာစေရန်၊ ယှဉ်ပြိုင်ခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) မြို့နယ်အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျောက်မဲမြို့၊ အ.ထ.က ၃ ကျောင်းတွင် ဌာနဆိုင်ရာများ စုပေါင်းပြီး အသိပညာပေးဟောပြောပွဲဆောင်ရွက်
Jun 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ လူကုန်ကူးမှုအန္တရာယ် တားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။