သတင်းများ

ရှမ်းရွာသစ်မြို့တွင် ဝက်များဈေးကောင်းရသဖြင့် ဒေသနေပြည်သူများ တိုးချဲ့မွေးမြူလာ
Jan 10,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့် တွဲဖက်၍ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဝက်များဈေး ကောင်းပေးဝယ်နေ၍ မွေးမြူသူများ အဆင်ပြေလျက်ရှိပြီး ယခင်နှစ်ထက်တိုးချဲ့မွေးမြူလာကြောင်း သိရ သည်။
နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြ တောင်သူများအား ယူရီးယားနှင့် သဘာဝမြေဩဇာများ ထောက်ပံ့
Jan 10,2024
ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း၊ ဘားအံမြို့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ နွေးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ယူရီးယားနှင့်သဘာဝမြေဩဇာများထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၊ သမ္ဘာန်ပညာပေးစခန်းအနီးရှိ တောင်သူ ဦးလှဝင်း၏ လယ်၌ကျင်းပခဲ့သည်။
တာလေမြို့၌ နယ်မြေဒေသလုံခြုံအေးချမ်းစေရေး ဌာနဆိုင်ရာသတင်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ နယ်မြေဒေသလုံခြုံအေးချမ်းစေရေးအတွက် ဌာနဆိုင်ရာသတင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက တာလေတပ်နယ်မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ပံတန်း၌ တောင်သူများအား မတ်ပဲအထွက်ကောင်းမျိုးစံပြစိုက်ကွက် အသိပညာပေးပြသ
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဝန်ထမ်းများက ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်းပြည့်မီရေး တောင်သူအသိပညာပေး ကွင်းသရုပ်ပြခြင်းကို ကွမ်းခြံကျေးရွာ တောင်သူ ဦးခင်မောင်ဝင်း၏ TBL-9 မတ်ပဲ ၅ ဧက စံပြစိုက်ကွက်၌ ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဘုတ်ပြင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jan 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များက ယမန်‌‌နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 10,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်(၉)နာရီက နောင်ပကျစ်တောင်ပေါ် အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကျင်းပ
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ၁၀ နာရီတွင် ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။