ပြည် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သင်တန်းကျောင်းအသီးသီးမှ ဆရာ၊ ဆရာများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်သာသောနှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယမန်နေ့က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူထုတ်လုပ်ရောင်းချသူများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူထုတ်လုပ်ရောင်းချသူများအဖွဲ့က ဈေးကားများဖြင့် ပြည်တက္ကသိုလ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)၊ ပညာရေးဒီဂရီကောလိပ်(ပြည်)နှင့် နည်းပညာတက္ကသိုလ်(ပြည်)တို့သို့ သွားရောက်၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီအပါအဝင် အသား/ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရပြီး ယင်းသို့ရောင်းချပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြောင်း သိရသည်။
ထိုသို့ ရောင်ချပေးခြင်းကို အပတ်စဥ်အင်္ဂါနေ့တိုင်း သွားရောင်းချပေမည်ဖြစ်ကြောင်း တာဝန်ရှိသူမျာထံမှ သိရသည်။
ကိုစိုး