သတင်းများ

ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော
Jan 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး အသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ မျက်စိရောဂါဝေဒနာရှင်များ အခမဲ့ ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှုအားပေး
Jan 10,2024
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ စီမံဆောင်ရွက်မှုတို့ဖြင့် မျက်စိအထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့မှ မျက်စိအထူးကုဆေးအဖွဲ့၊ ထားဝယ်ဆေးရုံကြီးမှ မျက်စိဆရာဝန်ကြီးများပူးပေါင်း၍ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ မျက်စိရောဂါဝေဒနာရှင်များ အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးနေမှုအား ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးသည်။
မိုင်းခုတ်မြို့၌ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Jan 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ် အ.ထ.က (သန္ဓေပင်)ကျောင်းတွင် ၂၀၂၃ /၂၀၂၄ပညာသင်နှစ်ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ၂၀၂၃/ ၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်) ပညာသန္ဓေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်၊ Community Centre ခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ
Jan 10,2024
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Jan 10,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအဖြစ် မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများသို့  စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် ရွှေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ ဥပ္ပါတသန္တိသုတ်တော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ
Jan 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့ဝန်ကုန်းကျေးရွာအုပ်စု၊ ညောင်ဝန်းကုန်းကျေးရွာရှိ၊ ဆန်းသီရိကျောင်းတိုက်၌ ဥပ္ပါတသန္တိသုတ်တော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆီဆိုင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jan 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက် ၉ နာရီက မင်္ဂလာရပ်ကွက်အတွင်းရှိ အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။