သတင်းများ

ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ဆိုလာရေသန့်စင်စနစ်တပ်ဆင်ခြင်းနှင့် ဂါလံ ၁၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Jan 10,2024
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာအုပ်စု တောင်ဘိုကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခြင်းလုပ်ငန်း၊ ဆိုလာရေသန့်စင်စနစ် တပ်ဆင်ခြင်းနှင့် ဂါလံ ၁၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးမှု အခြေအနေအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းဖွင့်ပွဲမဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားတွင် ကျင်းပ
Jan 10,2024
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်မှ ၉ နာရီအချိန်ထိ အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက် (ခ/၄၁၆)ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားတွင် ကျင်းပပြုလုပ်ခဲ့သည်။
လွိုင်လင်မြို့တွင်၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် လမ်းလုပ်ငန်းအတွက် လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်း စက်ယန္တရားဝန်ဆောင်မှုရယူခြင်းအတွက် အိတ်ဖွင့်တင်ဒါ ( ၂/၂၀၂၃-၂၀၂၄)ဖွင့်ပွဲ ပြုလုပ်
Jan 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လွိုင်လင်ခရိုင်အတွင်း ပြည်နယ် (ပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်းနှင့် ပြည်နယ်(ငွေလုံးငွေရင်း)ရံပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လိုအပ်သောယန္တရား (လမ်းကြိတ်စက်) ဝန်ဆောင်မှုရယူခြင်း အိတ်ဖွင့်တင်ဒါ (၂/၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီကလမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့ရုံးတွင် ကျင်းပပါသည်။
ရွှေဘိုတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Jan 10,2024
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို ယ​မန်နေ့ နံနက် ၁၀ နာရီချိန် အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမ တွင် ကျင်းပြုလုပ်ခဲ့​ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)တွင် ပညာရေး စုံညီပွဲတော် ကျင်းပ
Jan 10,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)တွင် ပညာရေး စုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့် တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကျင်းပ
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အိုးထိမ်းကုန်းအုပ်စု၊ အိုးထိမ်းကုန်းကျေးရွာ၊ ရွှေစာရံဘုရားဓမ္မာရုံတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နွေစပါးစိုက်ပျိုးမည့် တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။
ချမ်းမြသာစည်မြို့နယ် အ.ထ.က (၃၁)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 10,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၁)အခြေခံပညာအထက်တန်း‌ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါ ကျောင်းရှိအောင်‌မေတ္တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကျင်းပ
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအား ယနေ့ နံနက် (၁၁) နာရီ အချိန်က မှန်ကူကနစိုချောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပ သည်။