ကော့သောင်း ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ခရိုင်ဝန်ထမ်းပေါင်းစုံ (GEC)သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ၂၀၂၂-၂၀၂၃ ခုနှစ်၊ဘဏ္ဍာရေးရှင်းတမ်းနှင့် အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြားခဲ့ပြီး အသင်းသား (၄၇၇)ဦး၏ လှည့်ပတ်ရင်းနှီးငွေ(၄၈၄၀၆၂၈၈.၃၂)ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများမှရရှိသော အစုပေါ်အမြတ်ငွေ( ၂၂၆၀၉၇၂.၆၉)ကျပ်အား အသင်းသား အသီးသီးသို့ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်ဝန်ထမ်းပေါင်းစုံ(GEC) သမဝါယမအသင်းလီမိတက်၏ သဘာပတိ ဦးသောင်းညွန့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးမှူး ဦးသိန်းအောင်နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)