လွိုင်လင် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲကို ယနေ့နံနက် (၈)နာရီက အဆိုပါကျောင်းခန်းမတွင်ပြုလုပ်ရာ လွိုင်လင်တပ်နယ်မှူး တက်ရောက်၍ ဆုများချီးမြှင့် ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အစိုးရနည်းပညာအထက်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရည်ထူးချွန်ဆုများကို တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းအုပ်ကြီးနှင့် ကထိကဆရာ/ဆရာမများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကြသည်။ ယင်းနောက် အစိုးရနည်းပညာအထက်တန်းကျောင်းအုပ်ကြီး ဦးဇင်မင်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး (ခရိုင်၊ ပြန်/ဆက်)