ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပွဲ‌တော် စည်ကား သိုက်မြိုက်စွာကျင်းပမည်

ပိုင်ကျုံ  ဇန်နဝါရီ  ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတုကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်နှင့် ကရင်ရိုးရာ ကောက်သစ်စားပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်‌ကြောင်း သိရသည်

ကစိုကျေးရွာတွင် ကျင်းပပြုလုပ်သည့်(၂၅)ကြိမ်မြောက် ငွေရတုကရင်အမျိုးသာနှစ်သစ်ကူး နေ့ပွဲ‌တော်အထိမ်းအမှတ်အဖြစ် အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ၊ ကရင်ရိုးရာဒုံးယိမ်း အကပြိုင်ပွဲ၊ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ပြပွဲပြခန်းများနှင့်ပျော်ပွဲရွှင်ပွဲများ ပါဝင်ကြောင်း သိရ သည်။

ကရင်တိုင်းရင်းသားများတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ ပွဲ‌တော်အထိမ်းအမှတ်ကို ကစိုကျေးရွာ နှစ်စဉ်ကျင်းပလျက်ရှိ‌ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)