သတင်းများ

သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် (ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲအခမ်းနား ကျင်းပ
Jan 10,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် (ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းနားကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ(တင်ဒါ၊ ဈေးပြိုင်)လေလံရောင်းချခြင်းအခမ်းအနား ကျင်းပ
Jan 10,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ (တင်ဒါ၊ ဈေးပြိုင်) လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။
ဇမ္ဗူသီရိမြို့နယ် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ၌ အသက် ၅၀ နှစ်အထက်နှင့် အသက် ၅၀ အောက် နာတာရှည်ရောဂါရှိသော နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး
Jan 10,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ၌ အသက် ၅၀ နှစ်အထက်နှင့် အသက် ၅၀ အောက် နာတာရှည်ရောဂါရှိသော နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
Jan 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ညနေ ၃နာရီခွဲအချိန်က ဉာဏ်စမ်းပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၄) ကျင်းပ
Jan 10,2024
ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၄) (Myanmar Pathology Conference 2024)ကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခဒေါက်တာ အေးထွန်းမှ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Jan 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုနှင့် စပ်လျဉ်းပြီး ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က အဆိုပါ ကျေးရွာကွန်ကရစ်လမ်းအနီး ယာယီမဏ္ဍပ်တွင် ကျင်းပြုလုပ်ခဲ့သည်။
လားရှိုးမြို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသထွက် မြေစာဥများ ရောင်းအားကောင်း
Jan 10,2024
လားရှိုးမြို့တွင်  ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူ၊ မိုင်းလုံနှင့် ကွတ်ခိုင်မြို့များတွင် စိုက်ပျိုးဖြစ်ထွန်းသည့် မြေစာဥများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ ဃောသိတာရုံဘုရားအဝင် မြေသားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
Jan 10,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းသည် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာရှိ သာသနာ့သမိုင်းဝင် ဃောသိတာရုံဘုရားကြီးအဝင် မြေသားလမ်းအား ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။