သတင်းများ

မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Jan 10,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့၊ နောင်ကားအခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်
Jan 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ကားအခြေခံပညာအထက်တန်းကျောင်းတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်း(၂)စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောက်တလုံးကြီးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကိုဗစ်-၁၉ရောဂါထပ်ဆောင်း ကာကွယ်ဆေး (Covid Pfizer Vaccine) စတင်ထိုးနှံပေးနေမှုများအား လိုက်လံကြည့်ရှုအားပေး
Jan 10,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါထပ်ဆောင်း ကာကွယ်ဆေး (Covid PfizerVaccine) စတင် ထိုးနှံပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။
မုဒုံမြို့၌ တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ် ၃၂၄ သိန်းထုတ်ချေးပြီးစီး
Jan 10,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် တောင်သူများ ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန်အတွက် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ၃၂၄ သိန်းကို ကျေးရွာလေးရွာရှိ တောင်သူများအား ထုတ်ချေးပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခွဲ)မှ သိရသည်။
ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Jan 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေမြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာမ မေဇွန်အေး၏ “နေခြည်နုနု ပန်းကလေးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကစိုကျေးရွာ၌ (၂၅) ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်
Jan 10,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်‌ခေါ်ပွဲကို ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၇ နာရီ  အချိန်က စတင်ထိုးသတ် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေကူမြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 10,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံဆုချီးမြှင့်ခြင်း အခမ်းအနားကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျင်းပခဲ့သည်။
မုဒုံမြို့မစျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Jan 10,2024
မွန်ပြည်နယ် မုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက မုဒုံမြို့မစျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်သည်။