သတင်းများ

ငါ့သရောက်မြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ
Jan 10,2024
မန္တလေးတိုင်းဒေကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မြို့အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က အ.ထ.က(ခွဲ) ဆည်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။  အဆိုပါ အခမ်းအနားအား  အ.ထ.က(ခွဲ)  ဆည်‌ကျေးရွာမှ   အလယ်တန်းအဆင့် ကျောင်းသူလေးများမှ ပညာရေးစုံညီပွဲတော် သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့သည်။
ကျောက်တလုံးကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jan 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ လူငယ်များ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် PATHEIN LEAGUE 2023 အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေး
Jan 10,2024
PATHEIN LEAGUE 2023 အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် New Blood F.C နှင့် Ranger F.C အသင်းတို့သည် ယမန်နေ့ ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆုများ ချီးမြှင့်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် PATHEIN LEAGUE 2023 အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေး
Jan 10,2024
PATHEIN LEAGUE 2023 အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် New Blood F.C နှင့် Ranger F.C အသင်းတို့သည် ယမန်နေ့ ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆုများ ချီးမြှင့်ခဲ့သည်။
ကျိုင်းတုံမြို့ အ.ထ.က (၁) ၌ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး
Jan 10,2024
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး (Kaeru Caravan) အသိပညာပေး အစီအစဉ်ကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်း ကျင်းပသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ဘုရားဖြူကျေးရွာ အလယ်တန်းကျောင်း၌ နွားနို့တိုက်ကျွေးရေး(School Milk Programme)အစီအစဥ်ဆောက်ရွက်
Jan 10,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဥ် (School Milk Programme)အစီအစဥ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ဘုရားဖြူကျေးရွာ အလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၂၈ မြို့နယ်တွင်  ဥပ္ပါတသန္တိပရိတ်တော်အား တစ်ချိန်တည်း တစ်ပြိုင်တည်း ရွတ်ဖတ်ပူဇော်
Jan 10,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိပရိတ်တော်အား (၂၇)ရက် တိုင်တိုင် အသံမစဲရွတ်ဖတ်ပူဇော်ပွဲကို တိုင်းဒေသကြီးအတွင်း မြို့နယ် (၂၈)မြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ တစ်ချိန်တည်းတစ်ပြိုင်တည်းရွတ်ဖတ် ပူဇော်ကြသည်။
ကွန်ပျူတာတက္ကသိုလ် (မအူပင်) ၌ လူငယ်စကားဝိုင်းကျင်းပ
Jan 10,2024
ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (မအူပင်)တို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွန်ပျူတာတက္ကသိုလ်(မအူပင်)၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။