သတင်းများ

မောက်မယ်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Jun 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၉ နာရီ က ပင်စင်လစာငွေများ စနစ်တကျထုတ်ပေးလျက်ရှိရာ စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် မိုး/မိုးနှောင်ချည်မျှင်ရှည်ဝါ (B31)မျိုးစေ့နှင့် ရွှေတောင်-၁၀ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား (အခမဲ့) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် ဝါဂွမ်းနှင့် ချည်ထည်ထွက်ပစ္စည်းများကို နိုင်ငံခြားမှ မှာယူတင်သွင်းနေရခြင်းအား လျော့နည်းစေရန်၊ တောင် သူလယ်သမားများ ချည်မျှင်ရှည်ဝါ   မျိုးစေ့ထုတ်လုပ်ငန်းကို စိုက်ပျိုးထုတ်လုပ်တတ်စေခြင်းဖြင့် ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါ (B31) မျိုးစေ့နှင့် ရွှေတောင်-၁၀ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား (အခမဲ့)မျိုးစေ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ သတ္တမအကြိမ်မြောက် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက သတ္တမအကြိမ်မြောက်၊ အငြိမ်းဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆက်လက်ဆောင်ရွက်ကြသည်။
ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က ခွဲ (လ-၂၉)တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာအထက်တန်းကျောင်း အ-ထ-က ခွဲ (လ-၂၉)တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇေယျာသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးဧက ၁၀၀၊ တစ်ဧကတင်း ၁၀၀ အထက် ထွက်ရှိရေးအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jun 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးဧက ၁၀၀၊ တစ်ဧက တင်း ၁၀၀ အထက် ထွက်ရှိရေးအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်း ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။
မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် ပြခန်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jun 21,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တာရာယ်ခေါင်းစဉ်ဖြင့်
မိုင်းခုတ်မြို့၌ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Jun 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံတွင် နိုင်ငံတကာယောဂနေ့အထိမ်းအမှတ်အဖြစ် ယောဂစုပေါင်းလေ့ကျင့်
Jun 21,2023
ဇွန်လ ၂၁ ရက်နေ့သည် နိုင်ငံတကာယောဂနေ့ ဖြစ်သည်နှင့်အညီ နိုင်ငံတကာယောဂနေ့အထိမ်း အမှတ်အဖြစ် ယောဂစုပေါင်းလေ့ကျင့်ခြင်းကို ယနေ့ နံနက် ၆ နာရီအချိန်က လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံတွင် ပြုလုပ်ခဲ့သည်။