သတင်းများ

လားရှိုးမြို့တွင် အများပြည်သူ စားသုံးရန်မသင့်သော ဘီယာနှင့် စားသောက်ကုန်များ ဖျက်ဆီး
Jan 10,2024
လားရှိုးခရိုင်အတွင်း ဖမ်းဆီးရမိသည့် အများပြည်သူ စားသုံးရန်မသင့်သော ဘီယာ၊ စားသောက်ကုန်ပစ္စည်းများ ဖျက်ဆီးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးဝန်းအတွင်းတွင် ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 10,2024
ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူအကြမ်းဖက်သမားများအား ရှုတ်ချပွဲများပြုလုပ်
Jan 09,2024
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူအကြမ်းဖက်သမားများအားရှုတ်ချပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 09,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်က သဇင်ဆောင်ခန်းမ၌ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီးအခြေခံအပ်ချုပ်စက်(၂)လသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Jan 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်မှုဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာဆောင်ရွက်လာနိုင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အမျိုးသမီးအခြေခံအပ်ချုပ်စက် (၂)လသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့အချိန်က ဘုတ်ပြင်းမြို့ အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ ကျေးရွာဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စုံညီပွဲတော်အခမ်းအနားကျင်းပ
Jan 09,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပသည်။
မိုင်းတုံမြို့နယ်၌ သတင်းညှိနှိုင်းရေးအစည်းအဝေး ကျင်းပ
Jan 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီဌာနရှိ မြိုနယ်အုပ်ချုပ်‌ရေးမှူးရုံးခန်း၌ ၂၀၂၄ ခုနှစ်၊‌ ယနေ့နံနက် ၁၀နာရီ ၃၀ အချိန်က သတင်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ကြောင်း သိရသည်။
တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ
Jan 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သော နေ့ကြီးရက်ကြီးအထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပေးအပ်ပွဲကို ယနေ့နေ့လယ် ၁ နာရီက အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။