ဟုမ္မလင်း ဇန်နဝါရီ ၁၀
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဟုမ္မလင်းမြို့နယ်မှ ဂုဏ်ထူးဆောင်ရရှိသူ များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ ဂုဏ်ပြုဆုငွေပေးအပ်ခြင်းနှင့် စိုက်ပျိုးနည်းပညာ ပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီး ဌာနမှ လ/ထောက်ညွှန်းကြားရေးမှူး ဒေါက်တာ တင်မာမာဦးက ဟုမ္မလင်းမြို့နယ် ဆုရရှိသည့် တောင်သူများအား ဂုဏ်ပြုစကား ပြောကြားခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ ဂုဏ်ထူးဆောင်ဆုရရှိသည့် တောင်သူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ရာ ဇေယျာ စက်မှုစီးပွားထူးချွန်ဆု (တတိယအဆင့်) ဆုရရှိသူ လက်ဖက်တောင်သူ ဦးစိန်မြင့်နှင့် ဇေယျာ လယ်ယာစီးပွားထူးချွန်ဆု (တတိယအဆင့်) ဆုရရှိသူ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ကလည်းကောင်း၊ ဇေယျာလယ်ယာစီးပွားထူးချွန်ဆု (တတိယအဆင့်) ဆုရရှိသူ လက်ဖက်တောင်သူ ဒေါ်ခင်းနှင်ခိုင်နှင့် ဇေယျာ စက်မှုစီးပွားထူးချွန် ဆု(တတိယ)အဆင့် ရော်ဘာတောင်သူ ဦးဌေးမြင့်တို့အား စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ လ/ထောက်ညွှန်းကြားရေးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးတို့က ဂုဏ်ပြု မှတ်တမ်းနှင့် ဆုငွေများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးမှူးရုံးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် စိုက်ပျိုးရေးနည်းပညာပေး ဆက်လက်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ လ/ထောက်ညွှန်းကြား ရေးမှူး ဒေါက်တာတင်မာမာဦး၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်အကြီးအကဲများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)