မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

မိုးညို ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)၊ အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ပူးပေါင်း၍ စာရေးဆရာနတ်သျှင်(ရွှေဂူ) ရေးသားသည့် "လူငယ်များ၏ရွှေရောင်မနက်ဖြန်" စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက လူငယ်လူရွယ်များ စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများစွာရရှိသည့် စာအုပ်စာပေများကိုသာ ဖတ်ရှုကြစေရန်၊ မိမိတို့ဖတ်ရှုထားသည့် စာအုပ်များထဲမှ အသိဗဟုသုတများကို အခြားသူများသို့ တစ်ဆင့်မျှဝေဆွေးနွေးတတ်စေရန် စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဦးမြင့်စိန်က လူငယ်များ၏ ရွှေရောင်မနက်ဖြန်၊ ဘဝအဆင့်အတန်းမြှင့်တင်ကြပါစို့ ခေါင်းစဥ်များဖြင့်ဖတ်ကြားပြီး Women Club အဖွဲ့ဝင် ဒေါ်သင်းသင်းစိန်နှင့် ဒေါ်ကြည်ကြည်ဝင်းတို့က ခေါင်းစဥ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့သည်။ ဆက်လက်၍  Youth Club အဖွဲ့ဝင် မောင်ပြည့်ဖြိုးထွန်းက ဘဝဆိုတာအရှုံးပေးဖို့မဟုတ်ဘူး ‌ခေါင်းစဉ်ဖြင့် ဖတ်ကြားခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါစာအုပ်သည် လူငယ်များတွင်ထားရှိရမည့် စိတ်‌နေစိတ်ထားနှင့် လိုက်နာကျင့်ကြံသင့်သည်များကို ဖော်ပြထားသည့်အပြင် လူငယ်များကိုပြုစုပျိုး‌ထောင်ပေးမည့် မိဘအုပ်ထိန်းသူများ လိုက်နာရမည့်အချက်များကိုမျှ‌ ဝေထား‌သောကြောင့် ဖတ်ရှုသင့်သော စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)