ငွေဆောင် ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျောင်းပညာရေး စုံညီပွဲတော် (အကြို) ကျောင်းသား မိဘများ စုပေါင်း၍ နိဗ္ဗာန်စျေးပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲအား အမှတ်(၂၀၁)၊ အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများ ပူးပေါင်းကာ ပျော်ပွဲရွှင်ပွဲအနေဖြင့် စီစဥ်ခဲ့ ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ နိဗ္ဗာန်စျေး ပွဲတော်ရက် မတိုင်မီကပင် မုန့်စားလက်မှတ်များ ကြိုတင်ရောင်းချထားပြီး လက်မှတ်ရရှိ ထားသူအနေဖြင့် မိမိရရှိထားသော လက်မှတ်နံပတ်အလိုက် နံပတ် ကျရာ မုန့်ပဲသရေစာများကို ယူဆောင်ခွင့်ရှိကြောင်း သိရသည်။ လက်မှတ်ရရှိထားသူများမှလည်း ပျော်ပျော်ရွှင်ရွှင် လာရောက်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ အဆိုပါကျောင်း၏ ကျောင်းပညာရေးစုံညီပွဲတော်အား ယနေ့ ဇန်နဝါရီလ(၁၀)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
R – 014(ငွေဆောင်)