ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ငွေဆောင် ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်() ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် မြို့မလမ်းဆုံရှိ အခြေခံပညာအထက်တန်းကျောင်း၊ အ..က (ငွေဆောင်)   ကျောင်းပညာ စုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ယမန်နေ့ နံနက်() နာရီက အဆိုပါကျောင်းရှိ မြသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား အခမ်းအနားအစီအစဥ် (၃၄) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဦးစွာ အ..က (ငွေဆောင်) ကျောင်းသား/သူလေးများမှ စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့် အမှာစကား ပြောကြားရာတွင် ယနေ့လူငယ် နောင်ဝယ်လူကြီးဟူသော ဆိုရိုးစကားအတိုင်း နောင်တချိန်လူကြီးဖြစ်လာမည့် ကျောင်းသား/သူများအနေဖြင့် ကျောင်းတက်နေရသည့် အချိန်တွင် ကာယ၊ ဉာဏ၊ စိတ္တ၊ မိတ္တ၊ ဗလ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာရန် ကြိုးစားသွားကြရန် ပြောကြားခဲ့ပါသည်။ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေမီသိန်းမှ စုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်လင်းမှ ဝမ်းသာဂုဏ်ယူစကား အသီးသီးပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ လူရည်ချွန် ပြိုင်ပွဲဝင်သူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများ၊ ဂုဏ်ထူးရရှိသူများ၊ ကျောင်းတွင်း စာစီစာကုံး၊ ကဗျာရွတ်၊ ပန်းချီပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ ဆုရရှိသူများ၊ အတန်းအလိုက် ထူးချွန်ဆုရရှိသူများနှင့် သင်ကြားပြသပေးခဲ့သော ဆရာ၊ ဆရာမများအား မြို့အုပ်ချုပ်ရေးမှူး၊ စခန်းမှူးနှင့် ဌာနဆိုင်ရာများ၊ အ.ထ.က (ငွေဆောင်) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများမှ ဆုချီးမြှင့်ပေးခဲ့သည်။ ကျောင်းပညာစုံညီပွဲတော် ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှပံ့ ပိုးပေးခဲ့ကြသော စေတနာရှင်များအား လည်း ဂုဏ်ပြုကတ်ပြားများပေးအပ်ခဲ့သည်။ ဆုချီးမြှင့်ခြင်းအခမ်းအနားအပြီးတွင် အ.ထ.က (ငွေဆောင်) ကျောင်းသား/ သူလေးများမှ အကပဒေသာများ​ဖြင့် ကပြဖျော်ဖြေခဲ့ကြရာ မြို့အုပ်ချုပ်ရေးမှူး၊ စခန်းမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များမှ ဆုတော်ငွေများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ အ.ထ.က (ငွေဆောင်) ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းပညာရေး စုံညီပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ မြို့အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

R – 014 (ငွေဆောင်)