မုဒုံ ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဗိုလ်တေဇကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းအောင်မြင့်က အရည်အသွေးမြင့်မားသော မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်မည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်ကထူထောင်ပေးထားပြီးဖြစ်သည်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပညာရေးစနစ် သက်ဝင်ရှင်သန်စေရန် ဆရာ/ဆရာမများက မိဘပြည်သူများနှင့်ပူးပေါင်းပြီး ဝိုင်းဝန်းထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ပညာရည်ချွန်၊ ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်စွာ ဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများ၊ ကျောင်းအကျိုးတော်ဆောင်များကို တာဝန်ရှိသူများက ဆုများနှင့်ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ကျောင်းသား/သူများက တေးသရုပ်ဖော်ရိုးရာယဥ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)