ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၅) အခြေခံပညာမူလတန်း(လွန်) ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းသား/ ကျောင်းသူများက “ကမ္ဘာ့အဆင့်မီပညာရေး” တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမ ဒေါ်ခင်သက်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မိဘဆရာအသင်းနာယက ဦးတင်စိုးက ကျောင်းသား/ ကျောင်းသူများအား ဆုံးမစကားနှင့် အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သက်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ဆရာ/ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသူ ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ စာပေထူးချွန်ဆုရရှိသော ကျောင်းသား/ သူများအားလည်းကောင်း၊ သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း၊  စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးပြီး ကျောင်းသား/ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရဿည်။

အေးမဉ္ဇူ