သံဖြူဇရပ် ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ နွေစပါးစိုက်ပျိုးပြီးစီးမှုနှင့် ဆောင်းသီးနှံနေကြာစိုက်ပျိုးပြီးစီးမှုများအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ဖေါင်စိန်ရပ်ကွက်နှင့် ပငကျေးရွာတို့တွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဦးစွာ စိုက်ပျိုးပြီးစီးမှုရာနှုန်းပြည့် ပြီးစီးနိုင်ရေးအတွက် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကျော်မြင့် ဦးဆောင်သော ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးအဖွဲ့ဝင်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က ၂၀၂၃- ၂၀၂၄ ခုနှစ်အတွင်း မိုးစပါးရိတ်သိမ်းပြီးစီးမှု၊ နွေစပါးနှင့်ဆောင်းသီးနှံ နေကြာစိုက်ပျိုးပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များက စိုက်ပျိုးထုတ်လုပ်မှုများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားသည်။
ထို့နောက်ပငကျေးရွာအုပ်စု နေကြာဧက(၁၀၀) စိုက်ပျိုးပြီးစီးမှုနှင့် ဖေါင်စိန်ရပ်ကွက်နွေစပါးဧက (၁၂၀)စိုက်ပျိုးပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးရာ၊ ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်အတွင်း ယခုနှစ်တွင် နွေစပါးစိုက်ဧက (၂၇၈)လျာထားခဲ့ရာ၊ စိုက်ပျိုးပြီးစီးမှု (၂၇၈)ဧကစိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်၍ ရာနှုန်းပြည့်ပြီးစီးကြောင်းနှင့် ဆောင်းသီးနှံနေကြာကို စိုက်ဧက(၁၀၀၀)လျာထားခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)