သတင်းများ

ဘားအံမြို့ အခြေခံပညာအထက်တန်းကျောင်း (ဘားကပ်) ၌ လူငယ်များဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Jun 21,2023
အနာဂတ်လူငယ်များ ဗလငါးတန်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဖွံ့ဖြိုးစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုတက်ရေးလုပ်ငန်းများတွင် ကြီးမားသော လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (ဘားကပ်) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၂၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဒေါပုံမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show အစီအစဉ် ရိုက်ကူးတင်ဆက်
Jun 21,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ Online မှတစ်ဆင့် အသိပညာဗဟုသုတများကို အလွယ်တကူလေ့လာ သိရှိနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ ခေါင်းစဥ်ဖြင့် Talk Show အစီအစဥ်ရိုက်ကူးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်
Jun 21,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ် ၂နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ညီညီနိုင် (မြန်မာပြန်)၏ “အောင်မြင်ရေးသော့ချက် A-Z 26” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်လွှင့်တင်ဆောင်ရွက်ပေး
Jun 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အသိပညာပေးအစီအစဉ်များကို Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ် စိုက်ပျိုးရေး သုတေသနခြံမှ ထွက်ရှိသည့် G-99 မြေပဲမျိုးသည် ဒေသမ ရွေးစိုက်ပျိုးနိုင်သည့်အတွက် တောင်သူများအကြိုက် မြေပဲမျိုး ဖြစ်နေ
Jun 21,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် အဓိက ဆီထွက်သီးနှံဖြစ်သော ပင်ထောင်၊ ပင်ပြန့်မြေပဲမျိုး နှစ်မျိုး စိုက်ပျိုးလျက်ရှိကြရာ ယခုနှစ်မိုးရာသီတွင် ပင်ပြန့်မြေပဲများသာ အများဆုံး စိုက်ပျိုးကြပြီး မိုးလယ်တွင် ပင်ထောင်မြေပဲမျိုးသာ စိုက်ပျိုးကြကြောင်း ညောင်ဦးမြို့နယ်တွင် စိုက်ပျိုးသည့် မြေပဲမျိုးများဖြစ်သော ကျောင်းကုန်းမျိုးနှင့် မြန်မာပင် ပြန့်မျိုးများသည် အထွက်နှုန်း ကောင်းရုံသာမက အပင်နွယ်များလည်း ကြီးမားကာ နွားစာ အတွက် သိုလှောင်ကျွေးမွေးကြကြောင်းလည်း သိရသည်။ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ အစီအစဉ်ဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် (၁၁၄)ဧက၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင်(၈၀)ဧ က ၊၂၀၂၃-၂၀၂၄ ခုနှစ်တွင် (၂၀၅)ဧကကို ညောင်ဦးဒေသတွင်သာမက မြန်မာပြည်အရပ်ရပ်သို့  မျိုးကောင်းမျိုး သန့်ပွားများ စိုက်ပျိုးနိုင်ရေးအတွက် ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။
နမ့်စန်တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်
Jun 21,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇီဝဆိုင်ရာ အချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီကစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဇော်နှင့် ဝန်ထမ်းများက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဘားအံခရိုင် Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲပြုလုပ်
Jun 21,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပလောက်မြို့၊ မူလွန်ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Jun 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိ‌စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။