ရွှေကျင်မြို့တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးသင်တန်းဖွင့်လှစ်

ရွှေကျင် ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မကျည်းတန်းရပ်ကွက်၊ ရွှေကျင်မူလတန်းကြိုကျောင်း (အပေါ်ထပ်)တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြုံပြုံးရီက ကလေးသူငယ်ဆိုင်ရာ အသက်အပိုင်းအခြားအကြောင်း၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ခြင်းအကြောင်း၊ ကလေးသူငယ်များအား အကြမ်းဖက်မှုအကြောင်း၊ ကလေးသူငယ်များအား ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းအကြောင်း၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ခြင်းအကြောင်း စသည့်ကလေးသူငယ်များနှင့် ပတ်သတ်သည့် အကြောင်းအရာများအား ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘများ စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)