ငရုတ်ကောင်း ဇန်နဝါရီ ၁၀
ဟော်တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ နေ့လယ်ပိုင်းက ငရုတ်ကောင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ ကမ်းခြေဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ဟိုတယ်ဇုံအဖြစ်ရရှိအောင် ကြိုးပမ်းဆောင်နိုင်ရေးတို့ကို ပြောကြားခဲ့သည်။
ပြီးနောက် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ခရီးသွားဧည့်သည်များ သွားလာလည်ပတ်လေ့ရှိသည့် ဂေါ်ရန်ဂျီကျွန်းကမ်းခြေဒေသသို့ သွားရောက်ကာ ဂေါ်ရန်ဂျီကျွန်းပေါ်တွင် တည်ထားကိုးကွယ်သည့် မြဝတီစေတီတော်အား ဖူးမြော်ကြည်ညိုခဲ့သည်။ ထို့နောက်ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ခရီးသွားဧည့်သည်များ အဆင်ပြေစွာ သွားလာလည်ပတ်နိုင်ရေး၊ သန့်ရှင်းသာယာလှပရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဂေါ်ရန်ဂျီကျွန်း ကမ်းခြေဒေသရှိ ဟိုတယ်နှင့် ဘန်ဂလိုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)