ကွန်ဟိန်း ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ဟိုကျယ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း (နမ့်ကုန်) တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာမူလတန်းကျောင်း (နမ့်ကုန်) မှ ကျောင်းသား၊ ကျောင်းသူ လေးများက "စုံညီပွဲတော် တို့နွဲပျော်" သီချင်းဖြင့် ကပြဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကွန်ဟိန်းမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟိုကျယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကာလိန်က အမှာစကားပြောကြားကာ အ.မ.က (နမ့်ကုန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးငြိမ်းသူမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက တေးသီချင်း သရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)