သတင်းများ

ပေါင်းတည်၌ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jan 11,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၁၀နာရီခွဲက ကုန်စည်စီးဆင်းမှု၊ ကူးသန်းရောင်းဝယ်မှုနှင့် ပြည်သူများခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးတို့အတွက် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချပေးနေမှု အခြေအနေများကို မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီအဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့သည် ကွင်းဆင်းစစ်ဆေးကြည့်ရှုကြကြောင်း သိရသည်။
မိုးကုတ်မြို့အတွင်း ဂုဏဝိသိဋ္ဌစာအောင်ဆုနှင်းသဘင် ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ပြာသိုလပြည့်နေ့တွင် ကျင်းပပြုလုပ်မည်
Jan 11,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ဓမ္မာစရိယာ၊ နိကာယ်၊ ပါဠိပထမပြန်၊ အဘိဓမ္မစာမေးပွဲတို့တွင် အောင်မြင်တော်မူကြသည့် သံဃာတော်များနှင့် သီလရှင်များ၊ လူပုဂ္ဂိုလ်တို့အား ဂုဏဝိသိဋ္ဌ စာအောင်ဆုနှင်းသဘင် ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ပြာသိုလပြည့်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ (၁) နာရီက ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ကန့်ဘလူတွင် မြို့နယ်အဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပ
Jan 11,2024
ကန့်ဘလူမြို့တွင် မြို့နယ်အဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်၍ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲနှင့်ဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက အမှတ်(၂)ရပ်ကွက်ရှိ ဆုကိုယ်ပိုင်အထက်တန်းကျောင်း ဖူဆယ်ဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည်။
ကျိုက်လတ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာမြို့နယ်၌ ဆောင်းသီးနှံ ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jan 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန် အာထားစိုက်ပျိုးသည့် ဆောင်းသီးနှံ ကြက်သွန်နီစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မုံရွာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ကန့်ဘလူတွင် မြို့နယ်အဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပ
Jan 11,2024
ကန့်ဘလူမြို့တွင် မြို့နယ်အဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်၍ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲနှင့်ဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက အမှတ်(၂)ရပ်ကွက်ရှိ ဆုကိုယ်ပိုင်အထက်တန်းကျောင်း ဖူဆယ်ဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Jan 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မံစီမြို့တွင် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 11,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။