လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

လှိုင်းဘွဲ ဇန်နဝါရီ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အထက်တန်းကျောင်းသား/သူများမှ “ကြိဆိုပါတယ်စုံညီပွဲတော်” တေးသီးချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပညာရည်ချွန်ဆုများရရှိသော ကျောင်းသား/သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/သူများမှ အကအလှများ၊ တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေကပြခဲ့ကြောင်းနှင့် လှိုင်းဘွဲမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင်လည်း အလားတူ ပညာရေးစုံညီပွဲတော်ကို အသီးသီးကျင်းပခဲ့ကြကြောင်း သိရသည်။

စောဖိုးခွါး(ပြန်/ဆက်)