သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်၊ မရမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်း ကျင်းပ
Jan 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “လူငယ်စကားဝိုင်း”ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မရမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း(သထုံ)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပြုလုပ်
Jan 11,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြေနီကုန်းကျေးရွာရှိ အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Jan 11,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသု တိုးပွားစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ မွန်းလွှဲ (၁)နာရီက ခြံစု(အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဟုမ္မလင်းမြို့၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ
Jan 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့ အ-ထ-က(၁) ဘိုးရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Jan 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 11,2024
မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေမြိုင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့တွင် စံပြကျေးရွာအဖြစ် ရွေးချယ်ထားသည့် ကမ်းကြီးကျေးရွာ၌ စီမံကိန်းလုပ်ငန်းများ မိတ်ဆက်ရှင်းလင်း
Jan 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက စံပြကျေးရွာအဖြစ် ရွေးချယ်ထားသည့် ကမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
နောက်ကျစိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါများဖြစ်ထွန်းအောင်မြင်လျက်ရှိ
Jan 10,2024
စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်တွင်ဒေသခံတောင်သူများ  နောက်ကျစိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိနိုင်ကြောင်းသိရှိရသည်။ မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်တွင်ဝါလျာထားဧက(၂၁၉၃၉)ကိုအပြည့်အဝစိုက်ပျိုးနိုင်ခဲ့ပြီး နိုဝင်ဘာလပိုင်းမှစတင်ကာ ဝါများကောက်ယူရောင်းချခဲ့ကြကြောင်း၊  ဝါထွက်နှုန်းအနေဖြင့် ပျှမ်းမျှ(၁)ဧကလျှင် ပိသာ(၆၅၀)မှ(၇၀၀)ထိထွက်ရှိကြောင်းဝါစိုက်တောင်သူများထံမှသိရှိရသည်။