ရန်ကုန် ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကိုယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်းရှိ မြမာလာခန်းမ၌ ကျင်းပရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးလှသိန်းနှင့်အဖွဲ့ဝင်များ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေး၊ ကျောက်တံတားခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အ.လ.က(၁) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာများ ၊ ကျောင်းသား မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးလှသိန်းနှင့် တာဝန်ရှိသူများက၊ အင်္ဂလိပ်စာ စွမ်းရည်ဆု၊ သင်္ချာစွမ်းရည်ဆု၊ မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ထူးချွန်ဆရာ၊ ဆရာမများအား ဆုများချီးမြှင့်ခြင်းများ ဆောင်ရွက်ပြီး စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယင်းအပြင်လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေး စုံညီပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများမှ တိုင်းရင်းသားရိုးရာ အကများ၊ ကပြဖျော်ဖြေခဲ့ကြပြီး မွန်းတည့် (၁၂)နာရီတွင် အခမ်းအနားအောင်မြင်စွာ ရပ်နားခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်