အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ ၁၀

အနာဂတ်၏လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ လူငယ်‌ရေးရာ ဦးစီးဌာနနှင့် အားကစားနှင့်ပညာရေးပေါင်းစပ် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ"ကို ယနေ့နံနက် ၉ နာရီအချိန်က အားကစားနှင့်ကာယပညာဦးစီးဌာန ကြက်တောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ပညာရေးပေါင်းစပ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်တင်တင်နွဲ့က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညိုက "လူ့အခွင့်အရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး လူငယ်‌ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထားဆွေတို့က အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညို၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများ၊ ပူးပေါင်းဆောင်ရွက်သည့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့