ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပ

ဒိုက်ဦး ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မူလွန်အမှတ် ၅ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းဦးက လူငယ်နှင့်ခေါင်းဆောင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အား/ကာသိပ္ပံကျောင်း အကြောင်းသိကောင်းစရာများအကြောင်းကိုလည်းကောင်း စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေး အသိပညာပေးခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောခဲ့​သည်။

အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ ၅ ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြန်ဆက်