ကွန်ဟိန်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကွန်ဟိန်း ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက်(၉:၀၀)နာရီခန့်က အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသိန်းဇော်က မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောခြင်း၊ ဒုတိယရဲမှူး သန်းဝင်းမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် Online လိမ်လည်မှုမခံရစေရေး အသိပညာပေးဟောပြောခြင်း၊ ရဲတပ်ကြပ် ပြည့်ဖြိုးသူက ယာဥ်စည်းကမ်း လမ်းစည်းကမ်းအကြောင်းကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဆန်း၊ ဆရာမများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ကွန်ဟိန်း(ပြန်/ဆက်)