လက်ပံတန်း ဇန်နဝါရီ ၁၀
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်စေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အ.ထ.က(မကျီးကွင်း)ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးမျိုးမင်းထွန်းက လူငယ်၊ လူရွယ်များ အကျင့်စာရိတ္တကောင်းမွန်၍ အမှားအမှန်ဝေဖန်ပိုင်းခြား သိမြင်နိုင်စေရန်၊ အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတက်စေရန်နှင့် အများရှေ့တွင် ပြောဆို ဆက်ဆံတတ်သည့် အလေ့အကျင့် ရရှိစေရန် ရည်ရွယ်၍ “ဗလငါးတန်ဖွံ့ဖြိုးဖို့ စာဖတ်ခြင်း ကိုမြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူးဒေါ်ကြည်မြတ်နွယ်မှ လူကုန်ကူးခြင်းနှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို ဟောပြောဆောင်ရွက်ခဲ့သည်။
ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းမှ စက္ကူပြဇာတ်နှင့် ပုံပြင်ပြောခြင်းများဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)