သတင်းများ

ရေတာရှည်မြို့နယ်၌ သံဃာများနှင့် ဥပုသ်သည်များအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး
Jan 11,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဓါတ်တော်ကျောင်းတိုက်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနနှင့် တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ သံဃာတော်များနှင် ဥပုသ်ဝင်ယောဂီများအား ယနေ့ နံနက် (၉)နာရီအချိန်က တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။         
ဟင်္သာတမြို့နယ်၌ သီးနှံအခြခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့်သီးနှံခြောက် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Jan 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၃~၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ် (၄/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တာချီလိတ်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ မယ်ဟုတ်နှစ်ခြင်းကျမ်းစာကျောင်းမှ သင်တန်းသားများ လာရောက်လေ့လာ
Jan 11,2024
မယ်ဟုတ် နှစ်ခြင်းကျမ်းစာကျောင်းမှ သင်တန်းသားများသည် ယမန်နေ့မွန်းလွဲပိုင်းက တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ လေ့လာရေးကွင်းဆင်းခဲ့ကြကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် ပရဆိုင်-ကောက်ကလိန်-ပနီဆုံလမ်း မြေသားဘောင်ချဲ့မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Jan 11,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်‌လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပရဆိုင်-ကောက်ကလိန်-ပနီဆုံလမ်း မြေသားဘောင်ချဲ့၍ မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက် သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲ လားရှိုးမြို့၌ကျင်းပ
Jan 11,2024
ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန်လုပ်ဆောင်နေမှုများ၊ ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လားရှိုးမြို့ ၊ လွတ်လပ်ရေးပန်းခြံ၌ ပြုလုပ်သည်။
မိုင်းဆတ်မြို့၌ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကျင်းပ
Jan 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၇၆၃ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်(၅)နာရီခွဲက သဗ္ဗညုဘုန်းတော်ကြီးကျောင်းဝန်းတွင် ကျင်းပပြုလုပ်သည်။
သထုံမြို့နယ်၌ ၈၆ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ
Jan 11,2024
ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်‌နေ့၌ကျရောက်သည့် ၈၆ နှစ်မြောက် ကရင်နှစ်သစ်ကူး‌ပွဲတော်ကို မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကရင်အမျိုးသား သာသနာ့ဗိမာန်တော်၌ ယနေ့နံနက်က မြို့နယ်အဆင့်အနေဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပကြောင်း သိရသည်။