ကန်ကြီးထောင့်မြို့နယ်တွင် သတင်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်း ထူးခြားဖြစ်စဥ် သတင်းများနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ စောလျင်စွာ တိကျမှန်ကန်သော မြေပြင်သတင်း အမှန်ရရှိစေရေး သတင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရေအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန OSS အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။