သတင်းများ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အမရပူရမြို့၌ကျင်းပ
Jan 13,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ကွက်ရှိအမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ အမရအောင်မြေခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။
ကြက်သွန်နီစိုက်ခင်းများ အောင်မြင်လျက်ရှိရာ တောင်သူများက ဈေးကောင်းရရန်မျှော်လင့်
Jan 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများစိုက်ပျိုးထားရှိသော ကြက်သွန်စိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်းလျက်ရှိရာ ကြက်သွန်ပေါ် ချိန်တွင် ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ထားဝယ်မြို့တွင် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 13,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကျင်းပပြုလုပ်သော အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မိုင်းဖြတ်၌ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများကိုးကွယ်သည့် ဘုရားစေတီများအား ဖျက်ဆီးသည့်အကြမ်းဖက်သမားများအား ကန့်ကွက်ရှုတ်ချပွဲပြုလုပ်
Jan 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဗုဒ္ဓဘာသာဝင်၊ မြန်မာတိုင်းရင်း သားများကိုးကွယ်လျက်ရှိသည့် ဘုရားစေတီများအား ဖျက်ဆီးသည့် အကြမ်းဖက်သမားများအား ကန့်ကွက်ရှုတ်ချခြင်းနှင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲကို ဇန်နဝါရီ ၁၃ရက်၊ နံနက် ၈နာရီခန့်က ဝမ်မိုင်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၊ စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုံ့ချ ပွဲထားဝယ်မြို့၌ကျင်းပ
Jan 13,2024
ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၊ စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအားကန့် ကွက်ရှုံ့ချပွဲ စီတန်းလှည့်လည်ခြင်းကိုယနေ့နံနက် ၈ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စုရပ်ဖြစ်သော လေယာဉ်ကွင်းလမ်း၊ ကွန်ပျူတာတက္ကသိုလ်ရှေ့၌ ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)သို့ တက်ရောက်
Jan 13,2024
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂) ထပ်ဆောင်အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲပိုင်းကကျင်းပရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့်ကုမ္ပဏီများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပေါက်ခေါင်းမြို့ ဆေးဆိုင်များ၌‌ရောင်းချနေသည့် အိမ်သုံးဆေးအမျိုးမျိုးအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်
Jan 13,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့နံနက်က ပေါက်ခေါင်းမြို့ရှိ ဆေးဆိုင်များတွင်ရောင်းချနေသည့် အိမ်သုံးဆေးဝါးများအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများဆောင်ရွက်ပေး
Jan 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က မြန်အောင်ပြည်သူ့ဆေးရုံ၊ အင်ပင်၊ ကနောင်၊ရှားတောရေနံမြေ၊ ရွှေကျင်၊ သပြေကုန်း၊ ဒေါင်းကျ၊ လက်ပံကွင်း ကျေးလက်ကျန်းမာရေးဌာနများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။