မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများဆောင်ရွက်ပေး

မြန်အောင် ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ  နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က မြန်အောင်ပြည်သူ့ဆေးရုံ၊ အင်ပင်၊ ကနောင်၊ရှားတောရေနံမြေ၊ ရွှေကျင်၊ သပြေကုန်း၊ ဒေါင်းကျ၊ လက်ပံကွင်း ကျေးလက်ကျန်းမာရေးဌာနများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ရာသို့ ဒုတိယခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင် ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား အာဟာရတိုက်ကျွေးပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ပင်စင်လာရောက်ထုတ်ယူချိန်တွင် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်း၊ အာဟာရကျွေးမွေးခြင်းစသည့် စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)