မြင်းမူ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများစိုက်ပျိုးထားရှိသော ကြက်သွန်စိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်းလျက်ရှိရာ ကြက်သွန်ပေါ် ချိန်တွင် ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ကြက်သွန်စိုက်ပျိုးရာတွင် (၁)ဧကလျှင် ငွေကျပ်(၁၀)သိန်းကျော် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၄)လအကြာတွင် တူးဖော်ရကြောင်း၊ ထွက်ရှိမှုအနေဖြင့် (၁)ဧကလျှင် ကြက်သွန်အချိန် (၅၀၀၀)အထိ ရရှိနိုင်ကြောင်း၊ သို့ရာတွင် ကြက်သွန်ဈေးမှာ နှစ်စဉ်တည်ငြိမ်မှုမရှိကြောင်း၊ ပြည်ပဝယ်လက်များရှိသည့်နှစ်များတွင် (၁)ပိသာလျှင် ငွေကျပ်(၂၀၀၀)အထက်ထိ ရရှိကြောင်း၊ (၂၀၀၀)ကျပ်နှုန်းရောင်းချရပါက (၁)ဧကလျှင် (၁၀၀)သိန်းရရှိမည်ဖြစ်၍ မိမိတို့အတွက် အကျိုးအမြတ်သိန်း(၉၀)ခန့် ရရှိနိုင်မည်ဖြစ်သောကြောင့် ကြက်သွန်စိုက်တောင်သူများ အနေဖြင့် ဈေးကောင်းရရန်မျှော်လင့်လျက်ရှိကြောင်း ထီးဆောင်းကျေးရွာမှ ကြက်သွန်စိုက် တောင်သူထံမှ သိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ထီးဆောင်းကျေးရွာ၊ ခြေယာတော်ကျေးရွာ၊ ကျော့မင်းကျေးရွာ အလ္လကပ္ပကျေးရွာနှင့် ပဲကူကျေးရွာတို့မှာနှစ်စဉ် ကြက်သွန်နီကိုအဓိကထားကာ စီးပွားဖြစ် စိုက်ပျိုးကြသောကျေးရွာများဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)