အမရပူရ ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ကွက်ရှိအမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ အမရအောင်မြေခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူလေးများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းဖြင့် ဧည့်ခံခဲ့ကြသည်။ ထို့နောက် အမရပူရခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲသည်။ ယင်းနောက် မြို့နယ်ပညာရေးမှူးဒေါ်ထားထားစိန်က စုံညီပွဲတော် ကျင်းပရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၃ ပညာသင်နှစ်အတွင်း ကျင်းပခဲ့သော ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများ၊ လူရည်ချွန်ဆုရရှိသူများ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဆုရရှိသူများနှင့် အားကစားဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူလေးများက တေးသရုပ်ဖော်များဖြင့် ဧည့်ခံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်သို့ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းနှင့်အဖွဲဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆရာ၊ဆရာမများ၊ ဆုရကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)