သတင်းများ

ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ဖောင်းလုံးကြီးများနှင့် ခေါင်းလောင်းတော်ကြီးကို ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက် သစ္စေးပုံးများဈေးပြိုင်တင်ဒါ ခေါ်ယူပွဲကျင်းပ
Jan 13,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သား မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရန် ဖောင်းလုံးကြီးများနှင့် ခေါင်းလောင်းတော်ကြီးရွှေသင်္ကန်း ကပ်လှူနိုင်ရန်အတွက် သစ္စေးပုံးများဝယ်ယူနိုင်ရေး ဈေးပြိုင်တင်ဒါခေါ်ယူပွဲအခမ်းအနားကို ရွှေစည်းခုံ ဘုရားကြီး အရှေ့တောင်ထောင့်ရှိ အင်္ဂါထောင့်မဏ္ဍပ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆောင်ရွက်ရမည့် လုပ်ငန်းများရှင်းလင်းခြင်း ဆောင်ရွက်
Jan 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆောင်ရွက်ရမည့် လုပ်ငန်းများရှင်းလင်းခြင်းကို ယမန်နေ့ညနေ (၅)နာရီက အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။
လှည်းကူးမြို့နယ်၌ တောင်သူများအား မျိုးစေ့ချကိရိယာ(Seeder) အလက်(၁၀၃)လက်ပေးအပ်
Jan 13,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှည်းကူးမြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးမည့်တောင်သူများထံသို့ ထောက်ပံ့ပေးအပ်သည့်(တိုက်ရိုက်မျိုးစေ့ချကိရိယာ) Seeder အလက်(၁၀၃)လက်အား တောင်သူများထံသို့ ပြန်လည်၍ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းကလှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာအုပ်စု၊ တလုပ်ကုန်းကျေးရွာတွင် ကျင်းပသည်။
တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
Jan 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဆုများချီးမြှင့်
Jan 13,2024
နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ပိုင်ကျုံမြို့ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပ
Jan 13,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်‌ခေါ်ပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့ အ.ထ.က၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 13,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ဝါသနာတူပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Jan 13,2024
မန္တ​လေးခရိုင်၊ မဟာအောင်မြေမြို့နယ် အားကစားကွင်း၌ ဝါသနာတူပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းနှင်ပြည်နယ်များရှိ အားကစားဝါသနာရှင်များ စုပေါင်းဖိတ်ခေါ်၍ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။