သတင်းများ

ကျောက်ဖြူမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 22,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ဇွန်(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယမန်နေ့နံနက်ပိုင်းကကျောက်ဖြူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ‌ကျောင်း သား/ကျောင်းသူများအား အဆိုပါသတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးသည်။
မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ Biometric ကောက်ယူရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Jun 22,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မှီခိုသူ မိသားစုဝင်များအား Biometric ကောက်ယူရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့ အ-လ-က(ခွဲ)ဝင်းကမော့ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးရေးလုပ်ငန်း နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Jun 22,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည် ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး​နေ့ အထိမ်းအမှတ်(အကြို) အသိပညာ​ပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အ.လ.က (ခွဲ)ဝင်းကမော့ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌ မြန်မာနိုင်ငံ အတက်ရောဂါစီမံချက် အသိပေးရှင်းလင်းဆွေးနွေး
Jun 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မြန်မာနိုင်ငံ အတက်ရောဂါစီမံချက်လုပ်ငန်း စတင်ခြင်း အထိမ်းအမှတ် အသိပညာပေးအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အဆိုပါ​ ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
လွိုင်လင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေးမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။
လားရှိုးလူထုအခြေပြုဗဟိုဌာနတွင် နိုင်ငံတကာယောဂနေ့အထိမ်းအမှတ်အဖြစ် ယောဂစုပေါင်းလေ့ကျင့်
Jun 22,2023
ဇွန်လ ၂၁ ရက်နေ့ “နိုင်ငံတကာယောဂနေ့” အထိမ်းအမှတ်အဖြစ် ယောဂစုပေါင်းလေ့ကျင့်ခြင်းကို ယမန်နေ့ညနေ ၆ နာရီအချိန်က လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre ) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် အတက်ရောဂါစီမံချက်အကြောင်း အသိပေးရှင်းလင်းပွဲ ကျင်းပ
Jun 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အတက်ရောဂါ စီမံချက်အကြောင်း အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။