သတင်းများ

ကျိုင်းတုံခရိုင်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 (သင်ရိုးသစ်) တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Jan 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျိုင်းတုံတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်သည့် ကျိုင်းတုံခရိုင်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 (သင်ရိုးသစ်) တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်ထိ ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စိုက်ပျိုးစွမ်းအားမြင့်တင်ရေး ညှိနှိုင်းအစည်းအဝေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှု စစ်ဆေး
Jan 14,2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းတပ်နယ်မှူး၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စိုက်ပျိုးစွမ်းအားမြင့်တင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ရေကြည်မြို့နယ်တွင် ကြိမ်စိုက်ခင်းတည်ထောင်ခြင်းအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Jan 14,2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် သစ်တောဦးစီးဌာန ရုံးခန်းမ၌ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိမ်/ဝါးလက်မှုလုပ်ငန်းရှင်များ၊ ပုဂ္ဂလိက (သစ်မာ)စိုက်ခင်းလုပ်ကိုင်နေသူများနှင့်တွေ့ဆုံကာ ကြိမ်စိုက်ခင်းတည်ထောင်ခြင်းကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jan 14,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ဒေါ်ယုယုလွင်၏ လယ်မြေ၌ Strip Cropping သီးနှံအကန့်လိုက် စိုက်နည်းစနစ်ကွင်းသရုပ်ပြပွဲသို့ ရောက်ရှိရာ ပုဗ္ဗသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထက်အောင်ကျော်နှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး၊ နွေစပါး ဆောင်ရွက်ထားရှိမှုအ‌ခြေအနေများ၊ ဆောင်းသီးနှံ(မြေပဲ၊ နှမ်း) စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံ လျာထားစိုက်ပျိုးမှုအခြေအနေများ၊ ၂၀၂၃-၄ ခုနှစ် ရာဇဌာနီ လမ်းဘေး ဝဲ/ယာ ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအ​နေများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးမှုအပေါ်  ကန့်ကွက်ရှုတ်ချပွဲကျင်းပ
Jan 14,2024
ဘားအံမြို့၊ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ စုရပ်ပြု၍ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယ​မန်နေ့ ညနေ ၄နာရီ ၂၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြိုနယ် တည်ဆောက်ရေးလုပ်ငန်းစစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျွန်းပုလုကျေးရွာ၌ 11 KVA လိုင်း၊ ထရန်စဖော်မာ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေး
Jan 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆောင်ဘုံကျေးရွာအုပ်စု၊ ကျွန်းပုလုကျေးရွာ၌ 11 KVA လိုင်း၊ ထရန်စဖော်မာ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ပြီးစီးမှုအား မြိုနယ်တည်ဆောက်ရေးလုပ်ငန်းစစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယမန်နေ့နံနက် ၉ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အတွင်းရှိ နေကြာ၊ ပိုက်ဆံလျှော်၊ မတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် အချိန်ပိုလေ့ကျင့်သင်ကြားနေပေးနေမှုအား ကွင်းဆင်းကြည့်ရှု
Jan 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ငပုတောမြို့နယ် ကွင်းချောင်းကျေးရွာအုပ်စု တောင်သူ ဒေါ်တင်အုန်း၏ လယ်မြေနှင့် ဆယ်အိမ်စုကျေးရွာအုပ်စု တောင်သူ ဦးဂီတာစိန်၏ လယ်မြေတွင် ‌ဆောင်းဆီထွက်သီးနှံနေကြာ စိုက်ပျိုးထားမှုအား ကွင်းဆင်းကြည့်ရှု့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ အပင်များ စနစ်တကျ ရှင်သန်ကြီးထွားစေရေးအတွက် လိုအပ်သော သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျထည့်သွင်းသုံးစွဲနိုင်ရေးမှာကြားပြီး တောင်သူ ဒေါ်မြင့်မြင့်စိုး၏ လယ်မြေတွင် မတ်ပဲစိုက်ဧက (၈.၀၀) ဧက စိုက်ပျိုးထားရှိမှူအား ကြည့်ရှုကာ တာဝန်ရှိသူများထံ လိုအပ်သည်များကို မှာကြားသည်။
ကျောက်တလုံးကြီးမြို့တွင် အသိပညာပေးဟောပြောပွဲများပြုလုပ်
Jan 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အသိပညာပေးဟောပြောပွဲများကို ယမန်နေ့ ညနေ ၃ နာရီက အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။