သတင်းများ

ကလေးမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jun 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေ စေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ် ရေရင်ကျေးရွာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် စွမ်းအားမြှင့် မီးဖိုများ ထောက်ပံ့ပေးအပ်
Jun 22,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်နှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားပြီး စနစ်တကျ ကာကွယ်ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့နယ် ရေရင်ကျေးရွာသို့ သွားရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ထင်းလောင်စာ လျှော့ချနိုင်ရေးအတွက် ဒေသခံပြည်သူများကို စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားအုန်းဆီ  ဖြန့်ဖြူးရောင်းချ​နေမှုအားကွင်းဆင်းကြပ်မတ်
Jun 22,2023
စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်​​မြတ်​မြတ်မိုးသည် ယမန်နေ့နံနက်ပိုင်းက ချောက်မြို့နယ်ရှိ  စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော ဒေါ်စီစီဆိုင်မှ စျေးကားဖြင့်လှည့်လည်၍ အမှတ် (၆)ရပ်ကွက်၊ ရွှေသူဌေးကုန်းရပ်တွင် စားအုန်းဆီရောင်းချ​နေမှုအား ကွင်းဆင်း၍ စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။
မိုင်းယောင်းမြို့နယ် ရှေခင်ကြိုးတံတားတည်ဆောက်နိုင်ရေး ညှိုနှိုင်းအစည်းအဝေး ပြုလုပ်
Jun 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က ရှေခင်ကျေးရွာတွင် ကြိုးတံတား တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
ဟိုပန်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jun 22,2023
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်အချက်များအား သိရှိနိုင်ရေးအတွက် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇွန်လ (၂၁) ရက်နေ့ နံနက် (၁၀) နာရီက ရွှေဝါကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Jun 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကန်ကြီးဒေါင့်ကျေးရွာ အလက ကန်ကြီးဒေါင့်ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၃ခုနှစ် မိုးရာသီဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်(၅၈)၊ (ခန့်မှန်းမြေပုံညွှန်း- 46P-296610)တွင် ယမန်နေ့နံနက်(၁၁)နာရီက ကျင်းပသည်။
စစ်ကိုင်းခရိုင်ရုံးတွင် ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Jun 22,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပါရမီရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူလေး များအား ဖိတ်ခေါ်၍ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပေး ခြင်းကို ယနေ့ နံနက်(၈)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။