သတင်းများ

လေရှီးမြို့တွင် ဝန်ထမ်း‌စွမ်းဆောင်ရည်မြှင့်တင်ရေး စိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်
Jan 13,2024
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် (၉) နာရီအချိန်က ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး စိုက်ပျိုးနည်းပညာပေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကွန့်ကွက်ရှုတ်ချပွဲ ကျိုင်းတုံမြို့၌ ကျင်းပ
Jan 13,2024
အကြမ်းဖက်သောင်းကြမ်းသူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန်လုပ်ဆောင်နေမှုများ၊ ဘုရားစေတီ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်း ကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲကို ဇန်နဝါရီ ၁၃ ရက် နံနက် ၈ နာရီက ကျိုင်းတုံမြို့မအားကစားကွင်း၌ ပြုလုပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှု အသင်းကကြီးမှူးကျင်းပသည့် နှစ်သစ်ကူးကျေးဇူးတော်ချီးမွမ်းပွဲသို့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များတက်ရောက်
Jan 13,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အတူ ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်း မဂျွယ်ခန်းမ၌ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးအကြို ကျေးဇူးတော်ချီးမွမ်းပွဲသို့ တက်ရောက်အားပေး ခဲ့ကြသည်။
ကန့်ဘလူမြို့ အလက(၅)ကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်​၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်များ ပြသ
Jan 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်များပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အလက(၅)ကျောင်းခန်းမ၌ ကျင်းပသည်။
မင်းကင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကျင်းပ
Jan 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ အချိန်က အဆိုပါကျောင်းရှိ စကားဝါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး စက်ဘီးအသင်းအား ကြိုဆိုဂုဏ်ပြုစံချိန်သစ် နှစ်ခုတင်နိုင်ခဲ့ပြီး အမျိုးသားအသင်းက သုံးနှစ်ဆက်တိုက် တံခွန်စိုက်ဆုရရှိခဲ့
Jan 13,2024
၂ဝ၂၃-၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးတံခွန်စိုက်ဆု၊ စုပေါင်းတံခွန်စိုက်ဆုများ ရရှိခဲ့ကြသော မန္တလေးတိုင်းဒေသကြီး စက်ဘီးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီက မန္တလေး၊ ချမ်းအားသာစံမြို့နယ်၊ လမ်း ၃၀၊ ဗထူးအားကစားကွင်းရှိ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံတွင် ပြုလုပ်သည်။
လပွတ္တာခရိုင်အတွင်းရှိ ဒေသထွက်ကုန်ပစ္စည်းများကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးကျင်းပသော ခရိုင်အတွင်းရှိ မြို့နယ်များမှ အသေးစားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိသည့် ဒေသထွက်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲကို ယမန်ညနေ ၄ နာရီအချိန်က လပွတ္တာမြို့၊ အထွေထွေအုပ်ချုပ်ရေးရုံးရှေ့ရှိ စိန်ရတုလမ်း၌ ကျင်းပသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုချက်စာတမ်းဖတ်ပွဲကျင်းပ
Jan 13,2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီး တည်ဆဲနိုင်ငံရေးပါတီများ တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုချက် စာတမ်းဖတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။