ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၊ စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုံ့ချ ပွဲထားဝယ်မြို့၌ကျင်းပ

ထားဝယ်     ဇန်နဝါရီ  ၁၃

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၊ စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအားကန့် ကွက်ရှုံ့ချပွဲ စီတန်းလှည့်လည်ခြင်းကိုယနေ့နံနက် ၈ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စုရပ်ဖြစ်သော လေယာဉ်ကွင်းလမ်း၊ ကွန်ပျူတာတက္ကသိုလ်ရှေ့၌ ကျင်းပသည်။

ထို့နောက်သံဃာ့တော်များမှ ဦးဆောင်၍ ရဟန်းရှင်လူပြည်သူလူထုစုစုပေါင်း (၁၀၀၀)ဦးခန့်က စုရပ်ဖြစ်သော ကွန်ပျူတာ တက္ကသိုလ်ရှေ့မှတဆင့်လေယာဉ်ကွင်း လမ်းအတိုင်းရွှေဝယ် သီရီအားကစားကွင်းအထိ  ဗုဒ္ဓဘာသာဝင် ပြည်သူတစ်ရပ် လုံးကိုစော်ကားခဲ့သော MNDAA အကြမ်းဖက်အဖွဲ့ကို မြန်မာ့မြေပေါ်မှအပြီးအပြတ် ရှင်းလင်းပေးပါ၊ အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေး တိကျပြတ်သားစွာ နှိမ်နှင်းပေးပါ (Eradicate terrorist activities and Suppress them with precision)၊ ပြည်ပသြဇာခံပြည်ဖျက်မိစ္ဆာများမြန်မာ့မြေပေါ်ကထွက်သွား (Get Out! Foreign- influenced subversives to Myanmar land. Get Out!)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားစေရန် လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ အမြစ်ပြတ် ခြေမှုန်းပေးရေး- ဒို့အရေး (Rooting out the terrorist groups who are destroying ethnic unity-Our Cause!) ၊ MNDAA အကြမ်းဖက်အဖွဲ့အား အပြီးပြတ် ခြေမှုန်းပေးရေး- ဒို့အရေး (Complete suppression of the MNDAA terrorist group- Our Cause!)၊သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီများ ပပျောက်ရေး- ဒို့အရေး (Eradication of anti- Buddhism and blasphemy of state terrorists- Our Cause!) စာတန်းနှင့်ဆိုင်းဘုတ် များကိုင်ဆောင်၍ ကြွေးကြော်ကာ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ပြီးကန့်ကွက်ရှုံ့ချခဲ့ကြသည်။

ဆက်လက်၍ ရွှေဝယ်သီရိအားကစားကွင်းအတွင်း၌ သံဃာ့တော်(၁)ပါးနှင့်လူပုဂ္ဂိုလ်(၁)ဦးတို့ က  ပြည်သူလူထုအား ကန့်ကွက်ရှုံ့ချရခြင်းအကြောင်းအား ဟောပြောခဲ့ကြပြီး ကြွေးကြော်သံများဖြင့် ရှုတ်ချကာ နံနက် ၉ နာရီ အချိန်ခန့် တွင် လူစုခွဲခဲ့ကြောင်းသတင်းရရှိသည်။