သတင်းများ

မင်းဘူး(စကု)မြို့နယ် ထုံးမကြီးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုများ မဖြစ်ပေါ်စေရေး ကမ်းပြိုကာကွယ်ရေး (R.C.C Porcupine) ရေကာ(၃)ခု တည်ဆောက်နေမှုလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီး
Jan 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာတွင် နှစ်စဉ်ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုများ ဖြစ်ပွားလျက်ရှိကြောင်းသိရ၍ ယခု ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ကမ်းပြိုကာကွယ်ရေး (R.C.C Porcupine) ရေကာ (၃)ခု အကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ
မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်း‌
Jan 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ ညနေပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ များအား အသိပညာဗဟုသုတရရှိ‌စေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ် စာစောင်ပြပွဲများကို နယ်လှည့်ကွင်းဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Jan 13,2024
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွှဲ ၁ နာရီကကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
ဒဂုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Jan 13,2024
ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ပန်နန်းဒင်မြို့ အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲယှဉ်ပြိုင်
Jan 13,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်နိုင်စေရေးနှင့် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရေး တို့အတွက် ၂၀၂၄ ခုနှစ် မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ(၁၁)ရက်က ပန်နန်းဒင်မြို့ မြို့မ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ
Jan 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကို ယမန်နေ့ နံနက်က အ.ထ.က ကန်ကြီးထောင့်၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ အားနည်းချက်/အားသာချက်များအ‌ပေါ် ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jan 13,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားများကို ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အခမ်းအနားများ ကျင်းပဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အားနည်းချက်/အားသာချက်များအပေါ် ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။