သတင်းများ

မိုင်းဆတ်မြို့၌ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီ ပုထိုးများကို ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကျင်းပ
Jan 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီပုထိုးများကို ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ နံနက်(၉)နာရီခွဲက မိုင်းဆတ်မြို့ပေါ်ရပ်ကွက်အတွင်းရှိ  သဗ္ဗညုဘုန်းတော်ကြီးကျောင်းရှေ့မှ စတင်၍ ကျဒယ်လမ်းဆုံ ထိုမှတစ်ဆင့် မြို့မဈေးလမ်းဆုံမှ အ.ထ.က(မိုင်းဆတ်) ကျောင်းရှေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ပုထိုး​ဖြူရပ်ကွက် မြင်တင်အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်
Jan 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပုထိုးဖြူရပ်ကွက် မြင်တင်အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍   ​ယမန်နေ့နံနက် (၁၀)နာရီအချိန်က  လူငယ်အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်
ရွှေတောင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် နတ်မှော်လျှပ်စစ်မြစ်ရေတင်ဌာနမှ စိုက်ပျိုးရေပေးဝေမှုအခြေအနေများနှင့် တောင်သူများ ထွန်ယက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 13,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွှေတောင် မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှု ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများမှ နွားမယံကျေးရွာအုပ်စုတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် နတ်မှော်လျှပ်စစ် မြစ်ရေတင်ဌာနမှ စိုက်ပျိုးရေပေးဝေမှေုအခြေအနေများနှင့် တောင်သူများထွန်ယက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။
မလှိုင်မြို့နယ်၌ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆောင်းဆီထွက်သီးနှံ (နေကြာ) စိုက်တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Jan 13,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆောင်းဆီထွက်သီးနှံ (နေကြာ)စိုက်တောင်သူများအား ရန်ပုံငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွှဲ(၂) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ် သန့်ရှင်းသာယာလှပစေရေးဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Jan 13,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်း များ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက်
မင်းဘူး(စကု)မြို့နယ် ကျွန်းပြားကျေးရွာ၌ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချ
Jan 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖန်တီးပေးနိုင်ရန်နှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
မိုးညိုမြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်
Jan 13,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီက လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်း များအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် တရားမဝင်စားသုံးဆီများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး
Jan 13,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရန်နှင့် ဈေးကွက်အတွင်း တရားမဝင်စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်းများ မရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။